တံတား ဩဂုတ် ၁၂
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မိုးရာသီ၌ အများဆုံးဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ ဖြစ်သော ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာရုံးများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမ ဒေါ်သီတာနှင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် ဝန်ထမ်း အိမ်ရာများရှိ သောက်သုံး ရေများထားရှိရာ အုတ်ရေကန်များ၊ ရေစည်ရေအိုးများ၌ ပိုးလောက်လန်းများ မရှိစေရေးအတွက် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ် ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့အပြင် ဌာနဆိုင်ရာ ရုံးများနှင့် ဝန်ထမ်း အိမ်ရာရှိ မိသားစုဝင်များအား မိမိတို့နေထိုင်ကြသည့် အဆောက်အဦ၏ ပတ်ဝန်းကျင် တို့တွင် သန့်ရှင်းစေရေးတို့အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တံတားမြို့ပေါ် ရပ်ကွက်များနှင့် အခြေခံပညာ အထက်တန်း ကျောင်းများတွင်လည်း အပတ်စဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည့်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင်ထံမှ သိရှိရ သည်။
တင်နိုင်ဝင်း (တံတား)