မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် Face Shield များ ဖြန့်ဝေ

မြောက်ဥက္ကလာပ ဇူလိုင် ၁၄

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်မားလာသဖြင့် နေအိမ်ပြင်ပမှ ထွက်ခွာသူ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်းMask များ စနစ်တကျ တပ်ဆင်ရန်၊ အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာ(သို့မဟုတ်)Hand Gel ဖြင့် မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးနေရာများ ရှောင်ရှားရန် စသည့်အသိပညာပေးခြင်းများအပြင် Face Shield များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ(၁၆) ရပ်ကွက်စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ထိုသို့ဆောင်ရွက်ရာတွင် ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များက (၁၆)ရပ်ကွက်ဈေးရှိ ဈေးရောင်းသူ၊ ဈေးဝယ်သူများအား Face Shield (၁၀၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း