မုံးကိုး ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မုံးကိုးမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ အခြားမြို့များမှ လာရောက်သူများအား RDT Test Kit ဖြင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မူဆယ်မြို့က ပြန်လာသူ(၃)ဦးအား မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့် စစ်ဆေးရာ(၁)ဦး၌ ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိသည်။
ဆက်လက်ပြီး မုံးကိုးဆေးရုံသို့ ပို့ဆောင်၍ တာဝန်ခံဆရာဝန်ဒေါက်တာ ဒီးအောင်နှင့် ကျန်မာရေးဝန်ထမ်းများက RDT Test Kit ဖြင့် ထပ်မံစစ်ဆေးရာ ရောဂါပိုးတွေ့ရှိ၍ မုံးကိုးမြို့ ပြည်သူ့ဆေးရုံ သီးသန့်ခန်း၌ ဆေးကုသပေးလျက်ရှိပြီး ၎င်းနှင့်အတူလာသူ(၂)ဦး Quarantine ထားပြီး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းဇော်ဦး