မိုင်းဆတ်မြို့၌ နေအိမ်ပြင်ပထွက်သွားလာသူများ (Mask) တပ်ဆင်ခြင်းသွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

မိုင်းဆတ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နေအိမ်ပြင်ပထွက်သွားလာသူများ(Mask) တပ်ဆင် သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဖြတ်သန်းသွားလာလျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ဈေးအတွင်းသို့ Mask တပ်ဆင်ပြီး ဝင်ရောက် ခြင်းရှိ/မရှိ စစ်ဆေး ခြင်း၊ Mask တပ်ဆင်ထားခြင်းမရှိသူများအား Mask အခမဲ့ဖြန့်ဝေပေးခြင်း၊ နေအိမ်ပြင်ပထွက် သွားလာသူများအား မိမိနေအိမ်တွင်နေထိုင်ရေး၊ မဖြစ်မနေ အိမ်ပြင်ထွက်သွားလာရပါက Mask တပ်ဆင်သွားလာရေး၊ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရေး၊ ပတ်ဝန်းကျင် နေအိမ်များသို့ သွားရောက် လည်ပတ်ခြင်းမှ ရှောင်ကြဉ်ရေး အသိပညာပေးခြင်း များဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော် ဦးဆောင်သော မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြင့်မောင်