မိုင်းဖြတ်မြို့နယ်၌ ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ လိုက်လံအသိပေးနှိုးဆော်

မိုင်းဖြတ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၅ နာရီအချိန့်က ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်မီးသက်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဟိုနားကျေးရွာ၊ စျေးတန်းရပ်ကွက်၊ ဝမ်မိုင်းရပ်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို “ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ကာကွယ်ပါ” ဆောင်ပုဒ်အတိုင်း အားလုံး ကိုယ်စီ မဖြစ်မနေလိုက်နာဆောင်ရွက်ကြစေရေး အသိပေး/သတိပေးနှိုးဆော်ချက်များပါ အချက်၁၃ချက်တို့ကို မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။

ယင်းနောက် ကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားလာနေကြသည့် မိဘပြည်သူများကို အသိပညာပေးစာစောင်များဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ ဝေငှပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး