ပလောက် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ် ပွားစေရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများ အား နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီ က ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ တံတားထိပ်နှင့် အထကကျောင်းရှေ့၌ ပြုလုပ်သည်။
ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ ကာကွယ်ပါ ဆောင်ပုဒ်နှင့်အညီ လမ်းသွား လမ်းလာ ပြည်သူများအား ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများကို လိုက်နာသွားရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှုမှာ အရှိန် အဟုန်မြင့်တက်လာသဖြင့် ပြည်သူများအနေဖြင့် မိမိကိုယ်မိမိ ကျန်းမာရေး အသိဖြင့် ကာကွယ်ကြရန်နှင့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ကြ ရန်၊ လူစုလူဝေး ရှောင်ကြရန် အသိပညာပေးခြင်းနှင့်အတူ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများကို ပလောက်မြို့၊ အမှတ်(၂၈၀) ခြေလျင်တပ်ရင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမူရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်