မိုင်းခတ်မြို့နယ်၌ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးများ တိုက်ကျွေး

 

မိုင်းခတ်   ဩဂုတ် ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုဌာနမှ ရပ်ကွက်၊ ကျေးရွာ/ အုပ်စုများရှိ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရက်ကွက်(၁) အတွင်းမှ အသက်၆လမှ ၅နှစ်အထိ ကလေးများအား ဗီတာမင်(A)ကိုလည်း ကောင်း၊အသက်၂နှစ်မှ၉နှစ်အထိ ကလေးများအား သန်ချဆေး ကိုလည်း ကောင်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ရာတွင်  သားဖွားဆရာမ ဒေါ်ပျဲန်းမုန့်နှင့် ဒေါ်နန်းဝေဇင်ဦးတို့က ကလေးကြီးထွားဖွံ့ဖြိုးမှု အတွက် မိမိတို့၏ ကလေးငယ်များအား အစာအဟာရ ပြည့်ဝစွာ ကျွေးမွေးရန် ပညာပေး ဆွေးနွေး ခြင်း၊ ကျန်းမာရေး ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကလေးကိုယ်အလေးချိန် ချိန်ပေးပြီး ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးများ တိုက်ကျွေး ပေးခဲ့သည်။

မိုင်းခတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ/အုပ်စုများမှကျန်ရှိနေသည့် ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးများ တိုက်ကျွေးနိုင်ရန်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်မှုဌာနမှသိရသည်။

မိုးဒေ (ပြန်/ဆက်)