ပိုင်ကျုံမြို့၌ နှာခေါင်းစည်း Mask တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပိုင်ကျုံ ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန့်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် နေအိမ်မှ ပြင်ပထွက်ခွာသူများ၊ လမ်းသွားလမ်းလာ ပြည်သူများ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းသူနှင့် လိုက်ပါလာသူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာစေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များလိုက်နာဆောင်ရွက်ကြရန်၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ မကြာခဏ လက်ဆေးရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask တပ်ဆင်မှုမရှိသူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)