ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ စည်းကမ်းချက်များအား တိကျစွာလိုက်နာကြရန် လိုက်လံ အသိပေးမှု ဆောင်ရွက်

ခမောက်ကြီး ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာစည်းကမ်း ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ဌာနဆိုင်အဖွဲ့အစည်းများက ယနေ့ နံနက်ပိုင်းက လိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးဦးခိုင်ကိုဦး ဦးဆောင်မှုဖြင့် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ခမောက်ကြီးမြို့ စည်ပင်သာယာစျေးရှိ စျေးရောင်း၊ စျေးဝယ်ကြသူများနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များတွင် နှာခေါင်း စည်း (mask) များ မဖြစ်မနေ တပ်ဆင်ကြရန်နှင့် ချမှတ်ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာ စည်းကမ်းချက် များအား တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက နည်းဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူခြင်း ခံရမည် ဖြစ်ကြောင်းကိုလည်း လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရ ပါ သည်။

ရူပါမြင့်