ရန်ကုန် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်၊ ဦးဇော်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်တွင်ကိုဗစ် ကုသရေး စင်တာ အသစ် ဖွင့်လှစ်ရန်ပြင်ဆင်နေမှု၊ မရမ်းကုန်း မြို့နယ်အင်းယား စင်တာတွင် ကိုဗစ်ပိုးတွေ့လူနာများကုသပေးနေမှုများကို သွားရောက်ကြည့်ရူ စစ်ဆေခဲ့ကြသည်။ ရှေးဦးစွာ လှိုင်မြို့နယ်ရှိ လှိုင်ကိုဗစ်ကုသရေးစင်တာတွင် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် လူနာ ၇၅၀ ကျော် ထားရှိနိုင်ရန် အိပ်ယာ၊ ခြင် ထောင်၊ ကုတင်နှင့် တစ်ကိုယ်ရေ သုံးပစ္စည်းများ ပြင်ဆင်နေမှုများ၊ အောက်ဆီဂျင်လိုအပ် သည့်လူနာ ၂၀၀ဦးစာ အောက်စီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးရာ အနောက် ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်စိုး၊ လှိုင်စင်တာ ကုသရေးတာဝန်ခံ ဒေါက်တာ ကိုကိုနိုင်တို့က ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ မရမ်းကုန်းမြို့နယ်ရှိ ကိုဗစ်-၁၉ ကုသရေးဌာန အင်ယားစင်တာ သို့ ရောက်ရှိရာ လူနာများအတွက် အောက်စီဂျင် ဖြည့်တင်းတပ်ဆင်နေမှုများ၊ အစားအသောက်၊ နေရာထိုင်ခင်း၊ သယ်ယူပို့ ဆောင်ရေး ၊ စေတနာဝန်ထမ်း များ ဖွဲ့စည်းထားရှိမှု အခြေအနေများ CCTV ကင်မရာဖြင့် စောင့်ကြည့်၍ အောက်စီဂျင်လိုအပ်သော လူနာများကို အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေးနှင့် အခြားကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ အင်းလျား စင်တာကြီးကြပ်ရေးကော်မတီ အတွင်း ရေးမှူး ဦးစိုးရန်နိုင်နှင့် တာဝန်ခံဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများ၊ စဉ်ဆက်မပြတ်ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် လိုအပ်သည်များ မှာကြားခဲ့ပြီး တာဝန်ထမ်းဆောင်နေသည့်ဆရာဝန်၊ သူနာပြုနှင့် လူမှုရေးအသင်း အဖွဲ့များမှ volunteer များကို အားပေးစကားပြောကြားခဲ့ ကြောင်း သိရသည်။
ယင်းနောက် တာမွေမြို့နယ် ကျိုက္ကဆံအားကစားရုံတွင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိ အောင် ဂရုတစ်စိုက် ထိန်းသိမ်း ထားသိုရေး၊ စာရင်းဇယားများ သေချာစွာ ပြုစုထားရှိရေး လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး