တန့်ယန်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် PPE နှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် မြို့နယ်ရဲတပ်ဖွဲ့တွင်အသုံးပြုရန် တရုတ်လူငယ်အသင်းမှ PPE ဝတ်စုံ(၁၀)ထည်နှင့် Face Shield (၂၀)ခု၊ လက်အိပ်(၃)ဖာ၊ သွေးပေါင်ချိန်တိုင်း ကရိယာ(၁)ခု၊ Mask(၅)ဘူး၊ Test Kit(၂၅)ခု၊ ခေါင်းစွပ်(၁)ထုတ် တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်က လက်ခံရယူကြကြောင်း သိရသည်။
မင်းလွင်ဦး