နမ့်ဆန် ဩဂုတ် ၁၂
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လုံတောက်ကျေးရွာအုပ်စု၌ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ် အလုပ်သမား၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးကျော်စိုးသူနှင့် ဝန်ထမ်း များတို့က လုံတောက်ကျေးရွာသို့ ကွင်းဆင်း၍ မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားခြင်း မရှိသေးသည့် ကျေးရွာသူ|သား (၃၅)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခဲ့ပါသည်။ ထို့ပြင် နမ့်ဆန်မြို့နယ်အတွင်း (၂၇.၇.၂၀၂၀)ရက်နေ့မှ (၁၁.၈.၂၀၂၀)ရက် နေ့အထိ ကျေးရွာအုပ်စု (၁၂)အုပ်စုတွင် ကွင်းဆင်းခဲ့ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူ (၇၀၈)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးထံမှ သိရှိရသည်။
အောင်မိုး (နမ့်ဆန် ပြန် ဆက်)