မိုင်းဆတ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်နှင့် ညအချိန်ဖြတ်သန်းသွား လာသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆိုလာလမ်းမီးတိုင်များ တပ်ဆင်ခြင်းလုပ်ငန်း ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
“မြို့မှာ လျှပ်စစ်မီး(၂၄)နာရီ မရတဲ့အပြင် အိမ်တွေနဲ့အလှမ်းကွာပြီး ညအချိန် လူပြတ်တဲ့ လေယာဉ် ကွင်းပတ်လမ်းမှာ အခုလို ဆိုလာလမ်းမီးတိုင်တွေ တပ်ဆင်ပေးတော့ ညပိုင်းနဲ့ မနက်စောစောဈေးကို ခြံ ထွက်သီးနှံတွေရောင်းဖို့ ဖြတ်သန်းသွားလာရတဲ့ ပြည်သူတွေအန္တရာယ်ကင်းပြီး စိတ်ဖြောင့်ဖြောင့်နဲ့သွား လာနိုင်မှာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်” ဟု ဒေသခံ ဦးစိုင်းအေးကပြောကြားသည်။
အဆိုပါလမ်းမီးတိုင်များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး Clean & Green City ခေါင်းစဉ်မှ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၇၀)ဖြင့် အမြင့်(၁၈)ပေရှိ ဆိုလာ လမ်းမီးတိုင် (၂၀)တိုင်ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူ၍ တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးအောင်သူထံမှ သိရသည်။
မြင့်မောင်