ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် ဇူလိုင် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ကုသရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများက ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ပူးပေါင်းဆောင် ရွက်ခြင်း ၊ အသိပညာပေးခြင်းများကို နေ့စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

မိုင်းကိုင်မြို့နယ်တွင် ဇူလိုင်လအတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၃ ဦး ရှိခဲ့သည့် အတွက် မြို့အဝင်အထွက်များတွင် ရောဂါစစ်ဆေးရေး ဂိတ်များဖြင့် စစ်ဆေးမှတ်တမ်းတင်ခြင်း ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အလိုက် ကြီးကြပ်စောင့်ကြည့်ရေးဂိတ်များ ထားရှိခြင်း၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ၊ နာရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်း ၊ PPE ဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများ အသုံးပြုမှုကို သရုပ်ပြလေ့ကျင့်ခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်းကာ ဆွေးနွေးညှိ နှိုင်းခြင်း၊ မြို့နယ်အတွင်း ဝင်ရောက်လာသူများ ရှိက အဆင့်ဆင့် သတင်းပေးပို့ကာ Quarantine Center များတွင် ဝင်ရောက်စေခြင်း ၊ ရပ်ဝေးမှ ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ၊ လိုင်းကား များအား မြို့နယ်အတွင်း ရပ်နားခွင့်မပြုခြင်း ၊ အသိပညာပေး ဆော်ဩရေး လုပ်ငန်းများ နေ့စဉ်ကွင်း ဆင်းဆောင်ရွက်ခြင်း တို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုရက်ပိုင်းတွင် အတည်ပြုလူနာ၊ သံသယလူနာများ တိုးပွားလာခြင်းမရှိကြောင်း ၊ ဆက်လက် ထိန်းချုပ် ကာကွယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)