မြဝတီမြို့၌ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များတွင်ဆိုင်ထိုင်စားသောက်ရောင်းချခြင်းရှိမရှိ လိုက်လံစစ်ဆေး

မြဝတီ ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုများပြားလာသဖြင့် မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်များနှင့်စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ရောင်းချမှု ရှိမရှိကို ယမန် နေ့လယ်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင်ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများပြားနေသဖြင့် မြို့အတွင်းရှိစားသောက်ဆိုင်များ နှင့်လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ရောင်းချခွင့်မပြုဘဲ 'ပါဆယ်'စနစ်ဖြင့်သာရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇူလိုင်လ ၂ ရက်နေ့က လိုက်လံအသိပေးခဲ့ပြီးဖြစ်ရာ ဆိုင်ထိုင်စား သောက်ရောင်းချခြင်းရှိမရှိကို မြဝတီမြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးစောရော ဘတ်ထူး နှင့်စည်ပင်သာယာရေးဝန်ထမ်းတို့က လိုက်လံစစ်ဆေးခြင်းဖြစ်သည်။

ထို့သို့လိုက်လံစစ်ဆေးရာတွင်ဆိုင်ထိုင်စားသောက်ရောင်းချသည့်လက်ဖက်ရည်ဆိုင်များနှင့်စားသောက် ဆိုင်ရာများအား နောက်ဆုံးအကြိမ်အဖြစ် အသိပေးညွှန်ကြားခဲ့ပြီး နောင်တွင် ဆိုင်ထိုင်စား သောက်ရောင်းချမှုများ ထပ်မံတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် သွား မည်ဖြစ်ကြောင်းသိရသည်။

မန်းသန်းရွှေမြင့်