ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

ခိုလမ် ဇူလိုင် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့၌ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် မီးသတ်ဦးစီးဌာန တို့ ပူးပေါင်း၍ မြို့ဝင်မှမြို့ထွက်အထိ ပြည်ထောင်စုလမ်းမတလျှောက်ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊မီးသတ်ဦးစီးဌာနမှမြို့ဦးစီးမှူးဦးဇင်မင်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တို့ ပူးပေါင်းကာ ဇူလိုင်(၁၂)ရက်နေ့ ညနေ( ၂ ) နာရီ ခွဲ အချိန် မှ စတင်၍ ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

မြို့နယ်(ပြန်/ဆက်)