မိုးမိတ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် လက်တလောဖြစ်ပေါ်လျှက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နေ့လည် ၁၀ နာရီခွဲ က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take Away) ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ယခုကာလသည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်နှင့်အညီ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခွင့်မရှိဘဲ ပါဆယ်စနစ် (Take Away) စနစ်ဖြင့် သာရောင်းချသွားရမည်ဖြစ်ပြီး ဆိုင်ပိုင်ရှင်များနှင့်အလုပ်သမားများသည်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)