လောက်ကိုင် ဇူလိုင် ၁၃
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ၂၀၂၁ခုနှစ် ဇွန်လ ၁၆ရက်နေ့မှ ဇူလှိုင်လ ၁၂ ရက်နေ့ ၊ ညနေ (၁၇၀၀) နာရီ အချိန်ထိ COVID – 19 ၁၆၇၀ ဉီး ရှိကြောင်း၊ ဆေးရုံဆင်းသူ စုစုပေါင်း ၃၅၁ ဉီး ၊ သေဆုံးသူ ၄ ဉီး ၊ လက်ရှိအတည်ပြုလူနာပေါင်း ၁၃၁၅ ဉီး ၊ လက်ရှိထိတွေ့ဆက်စပ်သူ စုစုပေါင်း ၅၆ ဉီး ရှိကြောင်း သိရသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကူးစက်မှုနှုန်း နေ့စဉ်မြင့်တက်လျက်ရှိသဖြင့် ရပ်ကွက်တစ်ခုနှင့် တစ်ခုအသွားအလာ ကန့်သတ်ခြင်း၊ ရောဂါပိုးစစ်ဆေးခြင်း၊မဖြစ်မနေအပြင်ထွက်ပါက Mask တပ်ဆင်သွားလာ ကြရန် သတိပေးပြောကြားခြင်း ၊ ပိုးသတ်ဆေးဖျန်းခြင်း၊ တစ်နေ့(၂) ကြိမ် လှည့်ကင်းပတ်၍ အော်လံဖြင့် အသိပေးကြောညာခြင်း ၊ လှည့်လည်စစ်ဆေးခြင်းများ ကို နေ့စဉ်ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နန်းမြမြ၀င်း