သီပေါမြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

 

သီပေါ  သြဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအသင်းမှ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်လွင်နှင့် တာဝန်ရှိသူများက သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးအတွက် ကျောင်းများတွင်ထားရှိရန် PPE ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ Hand Gelများ၊ နှာခေါင်းစည်း(Mask)များနှင့် လက်ဆေးဆပ်ပြာများကို ယမန်နေ့ နံနက်ပိုင်းက နယ်စည်းမခြားပရဟိတ အသင်းရုံးတွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အခြေခံပညာကျောင်းများမှ တာဝန်ရှိသူဆရာ၊ဆရာမများက လက်ခံရယူ ခဲ့ကြပြီး နောက် နယ်စည်းမခြားပရဟိတအသင်းမှ ကိုဗစ်−၁၉ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အခြေခံပညာကျောင်းပေါင်း(၇၅)ကျောင်းအတွက် လှူဒါန်းပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)