နေပြည်တော် ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ အများပြည်သူနှင့်ဆိုင်သောနေရာများနှင့် လမ်းဘေးဆိုင်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်နိုင်၊ မြို့နယ်ခုတင်(၅၀) ခေတ္တဆေးရုံအုပ် ဒေါက်တာ ထွဋ်ညိုလင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်မှ စတင်ကာ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျောက် အများပြည်သူနှင့်ဆိုင်သော နေရာများ၊ လမ်းဘေးဆိုင်များတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး၊ နေအိမ်ပြင်ပထွက်ခွာသူများ ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ပြီးမှသာ သွားလာရေးအသိပညာပေးခြင်းနှင့် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)