မန့်ဟီးရိုး ဩဂုတ် ၁၂
နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ အတွင်း ဒေသခံ ပြည်သူများ အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးနိုင်ရန်နှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး ကိုင်ဆောင်လက်မှတ် မရှိဟု ဖော်ပြထားသူများအား နိုင်ငံသား အသိအမှတ်ပြုလက်မှတ် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က ကောက်ကွက် ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မန့်ဟီးရိုးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ လဝကမှူး ဦးရဲနိုင်ထွန်းနှင့် ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေ ထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်များအမည်စာရင်းကြေညာရာတွင် ပါဝင်ပြီး ကိုင်ဆောင်လက်မှတ်မရှိဟု ဖော်ပြထားသူများကို ဦးစား ပေး အနေဖြင့် ယခုလိုလာ ရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သလို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဦးစီးမှူးဒေါ်စန္ဒာဝင်းကလည်း မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရန် အတွက် မဲစာရင်းတွင် မိမိအမည် ပါမပါ၊ မှန်မမှန်ကြည့်ရှု စစ်ဆေး ကြဖို့လိုကြောင်းနှင့် မဲစာရင်းတွင် အမည်မမှန်မပါက ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ)တောင်းယူပြီး ပြန်လည် လျှောက်ထားကြဖို့ လိုအပ်ကြောင်းကိုလည်း ဒေသခံ ပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်းသိရှိရသည်။
စန္ဒာ(ပြန်/ဆက်)