ပင်လုံ ဇူလိုင် ၁၃
ပင်လုံမြို့၊ ရပ်ကွက်(၄)တွင် နေထိုင်သူ အမျိုးသားတစ်ဦးသည် ယမန်နေ့မှ စတင်အနံ့မရသဖြင့် ယနေ့နံနက်ပိုင်းက ပင်လုံမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါ အမျိုးသားတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ အမျိုးသားအား ပင်လုံမြို့ ပြည်သူ့ဆေးရုံကြီး အတွင်းရှိအထူးကြပ်မတ် ကုသဆောင်တွင် သီးသန့်ထားရှိ၍ ဆေးကုသပေးလျက်ရှိပြီး ၎င်းအမျိုးသားနှင့် ထိတွေ့ခဲ့သူများအားလုံး အသွားအလာကန့်သတ်ထားရှိနိုင်ရေးအတွက် အမြန်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ၎င်းကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ အမျိုးသားသည် လွန်ခဲ့သည့်(၄)ရက်ခန့်က နမ့်စန်မြို့၊ မတ်ကျန်းဒေသ (ပန်လင်းဆိုင် ကျေးရွာ) မှ ပင်လုံမြို့သို့ ပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်း သိရှိရသည်။
ပင်လုံမြို့ ၊ ပန်မုန့်ကျေးရွာအုပ်စု၊ လွိုင်တပ်ကျေးရွာဘုန်းကြီးကျောင်းမှ ဦးဇင်းတစ်ပါးသည် အနံ့မရသဖြင့် လွိုင်လင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါ ဦးဇင်းတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ဦးဇင်းအား လွိုင်လင်မြို့နယ်အထွေထွေ ရောဂါကုဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် သီးသန့်ထားရှိ၍ ဆေးကုသပေးလျက်ရှိကြောင်းနှင့် ၎င်းဦးဇင်းသည် လွန်ခဲ့သော (၂)ပတ်ခန့်က မန္တလေးမြို့ဓမ္မသာရဝါဆိုကျောင်းတိုက်မှ ပြန်ကြွလာကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)