မောက်မယ် ဇူလိုင် ၁၃
COVID-19 ကူးစက်ရောဂါ တတိယကာလအတွင်း ရောဂါမကူးစက်စေရန်နှင့် Mask အသုံးပြုသည့် အလေ့အထများ ရရှိလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့၌ Mask Campaign ကို ယနေ့နံနက် ၆နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အဆင့်COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက လူစည်ကားရာ မြို့မစျေးရှေ့ ၊ မြို့အ၀င်၊ အထွက်ဂိတ်များ နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက်တွင် Mask များအား ဒေသခံပြည်များလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)