ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ (၄၅၅) ဦးထိရှိလာ

မူဆယ် ဇူလိုင် ၁၃

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာစုစုပေါင်း(၄၅၅)ဦးရှိပြီး ဖြစ်ကြောင်း မူဆယ်မြို့နယ် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရှိရသည်။

အဆိုပါ ကိုဗစ် - ၁၉ရောဂါကူးစက်ခံရသူ အတည်ပြုလူနာများကို မူဆယ်ပြည်သူ့ဆေးရုံသစ်တွင် (၂၀၅)ဦး၊ ဆေးရုံဟောင်းတွင် (၃၇)ဦး၊ တရုတ်စာသင်ကျောင်းတွင်(၂၁၃)ဦး၊ စုစုပေါင်း (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိရာ ယနေ့ထိ(၁၄၈)ဦးအား ကျန်းမာစွာ ဆေးရုံဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်းနှင့် (၅)ဦးသေဆုံးမှုရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံးတွင်(၁၁)မြို့နယ်အပါအဝင် မူဆယ်မြို့နယ်ကိုလည်း (၁၃.၇.၂၀၂၁)ရက်နေ့မှ စတင်ပြီး Stay at Home သတ်မှတ်လိုက်ကြောင်း သိရသည်။

အယ်လ်စိုး(မူဆယ်)