ဖယ်ခုံ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ခန်းမ၌ ယမန်နေ့နံနက် ၁၁ ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် ထိတွေ့သူများ အခြား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလိုသူများ စုစုပေါင်း ၄၅ ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၄၅ ဦးအား (RDT) Test ဖြင့်စစ်ဆေးရာတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၃ ဦး တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ဈေးတန်းရပ်ကွက်မှ ၆ ဦး၊ ဈေးနောက်ရပ်ကွက်မှ ၃ ဦး၊ ဈေးရှေ့ရပ်ကွက်နှင့် ညောင်ကုန်းရပ်ကွက်မှ ၂ ဦးစီ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖယ်ခုံမြို့တွင် (၃-၇-၂၀၂၁) ရက်နေ့မှ (၆-၇-၂၀၂၁) ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦးရှိခဲ့ပြီး ယနေ့ထိ စုစုပေါင်းလူနာ ၂၀ ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ထားရှိကုသပေးလျှက်ရှိကြောင်း သိရသည်။
(Positive) လူနာများနှင့် ဆက်စပ်ထိတွေ့သူများနှင့် ၎င်းပုဂ္ဂိုလ်များနေထိုင်သည့် နေအိမ်များအား ပရဟိတအဖွဲ့တို့မှ ဆေးဖြန်းခြင်းများဆောင်ရွက်ပြီး အသွားအလာကန့်သတ်ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)