ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၁)ဦး ထပ်မံတွေ့ရှိကြောင်းသိရ

ဝမ်းတွင်း၊ ဇူလှိုင် ၁၃
 
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ဆေးရုံးတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းများကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၁၁)ဦးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အဆိုပါ ကိုဗစ်၁၉ရာဂါပိုးရှိသူများမှာ ပင်းတလဲကျေးရွာမှအသက်(၂၂)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၁၇)နှစ်ရှိ အမျိုးသားတစ်ဦး၊လျှော်ပင်ကျေးရွာမှ အသက်(၂၁)နှစ်ရှိ အမျိုးသားတစ်ဦး၊ ညောင်တိုကျေးရွာမှ အသက်(၂၁)နှစ် ရှိအမျိုးသမီးတစ်ဦး၊ ရွာရှည်ကျေးရွာအသက်(၂၅)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၂၅)နှစ်ရှိအမျိုးသမီးတစ်ဦး၊ ဆင်ချီတိုင်ကျေးရွာမှအသက်(၂၈)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ရိုး ကန်ကျေးရွာမှအသက်(၃၀)နှစ်ရှိအမျိုးသားတစ်ဦး၊ ဝမ်းတွင်း(၁)ရပ်ကွက်မှ အသက်(၃၇) အမျိုးသမီးတစ်ဦး၊ သဲတော(၁)ရပ်ကွက်မှ အသက်(၅၂)နှစ်ရှိအမျိုးသားတစ်ဦး၊ သပြေသာ ကျေးရွာမှအသက်(၁၄)နှစ်ရှိ အမျိုးသားတစ်ဦး စုစုပေါင်း(၁၁)တို့ဖြစ်ပြီးလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်၁၉ကုသ ဆောင်တွင်ကျား(၂၇)ဦး၊ မ(၃၇)ဦးပေါင်း(၆၄)ဦးနှင့် မြို့နယ် အားကစားကွင်းမိုးလုံလေလုံအားကစားရုံ ကိုဗစ်-၁၉ ရောဂါကုသဆောင် တို့တွင် ကျား(၃၈)ဦး၊ မ(၂၆)၊ပေါင်း(၆၄)ဦး၊ စုစုပေါင်းပိုးတွေ့လူနာ(၁၂၈) ဦးတို့သည်ဆေးကုသမှုခံ ယူလျက် ရှိကြောင်းနှင့် ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့သူများအားစုံ စမ်းဖော်ထုတ်၍ ကျန်းမာရေး စောင့်ရှောက်မှု များ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)