လောင်းလုံးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျောင်းများရှိ ဆရာ/ဆရာမ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လောင်းလုံး ဇူလိုင် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် ရည်ရွယ် ၍ ကျောင်းများရှိ ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လောင်းလုံးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လောင်းလုံးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မင်းညွန့်ဝင်းနှင့် အခြေခံကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက မြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများရှိ ဆရာ/ဆရာများ နှင့် ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးခဲ့ရာ လာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများကို ဝေငှခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။