ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ထားဝယ် ဇူလိုင် ၁၃

မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသဖြင့် ကူးစက်ခံ ရသူအရေအတွက် နေ့စဉ်မြင့်တက် လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့ကမြောကင်းလမ်းတွင် အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

ထို့နောက် ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ခရီးသွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် လူတိုင်းကို နှာခေါင်းစည်း(Mask) တပ်စေလိုသောအားဖြင့် (Mask) မတပ်သောသူများ ကို ငွေကျပ်(၅၀၀)နှင့် ညီမျှသော(Mask)ဝယ်ယူစေခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်

အဆိုပါ အဖွဲ့သည် ထားဝယ်မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ များ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် (Mask)တပ်ဆင်သွားလာကြရန်မကြာခဏ လက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိ သည်။      

ကျော်ကျော်လတ်