ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အောင်မြင့်မိုရ်ကုသရေးစင်တာ ပြန်လည်ဖွင့်လှစ်နိုင်ရေးကွင်းဆင်း

ဒဂုံတောင် ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၀၆)ရပ်ကွက်ရှိ အောင်မြင့်မိုရ်အိမ်ရာတွင် ကုသရေးစင်တာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ကွင်းဆင်း​​ကြည့်ရှုရာတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန် အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်ကိုတို့ ပါဝင်သော အဖွဲ့က သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများအား တွေ့ဆုံကာ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။