သာစည်မြို့နယ်တွင် ဇူလိုင် ၁၁ ရက်က အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ လူနာသစ် ၄ ဦးထပ်မံတွေ့ရှိ

သာစည် ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့က အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ လူနာသစ် ၄ ဦးထပ်မံတွေ့ရှိ၍ ပိုးတွေ့လူနာ ၁၃၇ ဦးရှိလာကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။

ဇူလိုင် ၁၁ ရက်က ကိုဗစ်-၁၉ ပိုးတွေ့ရှိ လူနာသစ်များမှာ သာစည်မြို့နယ် ပြည်သူ့ဆေးရုံသို့ တိုက်ရိုက် ဝင်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့မှ သာစည်မြို့နယ် ကပ်ကျေးအင်းကျေးရွာသို့ ပြန်လာသူ အသက် ၂၅ နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၂ နှစ်ရှိ ကလေးငယ်တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ပြန်လာသူ အသက် ၃၀ နှစ်ရှိ ကျီတိုင်ကုန်း(မ) ကျေးရွာမှ အမျိုးသားတစ်ဦးနှင့် ကိုယ်အပူချိန် မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး စစ်ဆေးမှုခံယူရန် မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသူ ကျွဲတပ်ဆုံကျေးရွာအုပ်စုရှိ  Denko ဆီဆိုင်မှ အသက် ၁၉ နှစ်ရှိ အမျိုးသား တစ်ဦးတို့ကို  RTD test kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသူများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် Hospital Quarantine ထားရှိထားပြီး ဖြစ်ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ဇူလိုင် ၁၁ ရက်ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၁၃၇ ဦးရှိရာ ဆေးကုသမှုခံယူနေသူ ၈၆ ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရသူ ၄၇ ဦး၊ သေဆုံးသူ ၄ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)