ဝိုင်းမော်မြို့၌ အသက်(၅)နှစ်အောက်ကလေးများအား ဗီတာမင်အေဆေးနှင့်သန်ချဆေးတိုက်ကျွေး

ဝိုင်းမော်    ဩဂုတ်  ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီက စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဇတန်းဟောင်းနန်း ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက  အသက်(၆) လမှ (၅)နှစ်အောက် ကလေးများကို ဗီတာမင်အေဆေး တိုက်ကျွေးခြင်းနှင့် အသက်(၂)နှစ်မှ (၅)နှစ်အောက် ကလေးများကို သန်ချဆေးတိုက်ကျွေးပေးခဲ့ရာ မြို့ပေါ်ရပ်ကွက် (၁)နှင့် ရပ်ကွက်(၅)အတွင်းရှိ အသက်(၅)နှစ်အောက် ကလေး(၆၆၈)ဦးအား တိုက်ကျွေးပေးခဲ့ ကြောင်းနှင့် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာများရှိ ကလေးများကိုလည်း ဆက်လက်၍ တိုက်ကျွေးပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းလေး (ပြန်/ဆက်)