မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါ အတည်ပြုလူနာ(၂)ဦး တွေ့ရှိ

မန်တုံ ဇူလိုင် ၁၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသည့်သူများအား ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးခင်ဇော် မိုးသောက်ကြယ် လူမှုကူညီရေးအသင်းမှ ဦးအိုက်လူနှင့် ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်ပြီး သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင်(၁၁)ရက်နေ့တွင် အမျိုးသား(၁) ၊အမျိုးသမီး (၁)ဦးထံမှ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူ(၂)ဦးမှအမျိုးသားမှာ ဇွန်လ (၂၉) ရက်နေ့က နမ့်ခမ်းမြို့မှ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပြီး လွယ်ကန်ကျေးရွာ Quarantine Centre တွင် ထားရှိသူများဖြစ်ပြီး အမျိုးသမီးမှာ ဇွန်လ(၂၉) ရက်နေ့ က လားရှိုးမြို့မှရောက်ရှိလာသူဖြစ်ပြီး အနံမရ၍ ကုန်းယောင်းကျေးရွာမှလာရောက်သူဖြစ်၍ RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ကိုဗစ်(၁၉) ရောဂါတွေ့ရှိခဲ့ကြောင်းနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်၏ စီမံမှုဖြင့် မန်တုံမြို့နယ် အထက်တန်းကျောင်းသီးသန့် ကုသဆောင်တွင် ထားရှိကာ ဆေးကုသမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန်တုံမြို့နယ်အတွင်း Quarantine ဝင်ရောက်နေသူ စုစုပေါင်း (၂၃) ဦးရှိပြီး ၎င်းတို့အား စစ်ဆေးမှုများ စောင့်ကြည့်ပြုလုပ်လျက်ရှိသည်။

စည်သူမောင်မောင်