မိုင်းငေါ့ ဇူလိုင် ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ကစ၍ ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာကြရန်၊ မြို့ပေါ် ရပ်ကွက်အတွင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင်ပြီးမှသွားလာကြရန်၊ ရပ်ကွက်အတွင်း သံသယလူနာတွေ့ရှိပါက တိုက်နယ်ကျန်းမာရေးဌာနနှင့် မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အမြန်ဆုံးအကြောင်းကြားရန်၊ ပြည်ပမှ ပြန်လာသူများ၊ Stay at Home မြို့များမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပေးရန်နှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် စသည့်တို့ကို အသံချဲ့စက်ဖြင့် ရပ်ကွက်အတွင်း မြန်မာနှင့် ရှမ်းဘာသာ နှစ်မျိုးဖြင့် လိုက်လံ နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်ရ-၁၉ ရောဂါ ကာလတစ်လျှောက်လုံးတွင် ပထမဦးဆုံးအနေဖြင့် ဇူလိုင် ၁၀ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၂ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
မြင့်သွယ်