လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၁၅)ဦးထပ်မံတွေ့ရှိ

 

လှိုင်းဘွဲ      ဇူလိုင် ၁၂

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အနံ့မရရှိသူများသည် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ Test Kit စစ်ဆေးရာ Covid-19 ရောဂါပိုး အတည်ပြုလူနာ (၁၅)ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သိရသည်။

အဆိုပါ အတည်ပြုလူနာ(၁၅)ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့ သူများကိုလည်း အသွားအလာကန့်သတ်မှု များ ဆောင်ရွက်ထားရှိကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)