ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၂၈)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ဩဂုတ်  ၁၁

ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၀ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၇)ဉီးနှင့် ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၁၁)ဉီး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၂၈)ဉီး တို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၂၈)ဉီးမှာ  အမျိုးသား(၁၈)ဉီး၊ အမျိုးသမီး(၁၀)ဉီး တို့ ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှ(၅)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ(၃)ဉီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်မှ(၃)ဉီး၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၂)ဉီး၊ နမ့်ဆန်မြို့နယ် မှ(၂)ဉီး၊ သီပေါမြို့နယ်မှ(၂)ဉီး၊ကျောက်မဲမြို့နယ်မှ(၁)ဉီး၊ မိုင်းငေါ့မြို့နယ်မှ(၁)ဉီး၊   သိန္နီမြို့နယ်မှ(၁)ဉီး၊  လောက်ကိုင်မြို့နယ်မှ(၅)ဉီး၊ ကွမ်းလုံမြို့နယ်မှ(၁)ဉီး နှင့် ဟိုပန်မြို့နယ်မှ(၂)ဉီးတို့ ဖြစ်သည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေ:လုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား  စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၇၉၉၃)ဉီးနှင့် အမျိုးသမီး(၆၃၈၉)ဉီး တို့ဖြစ်ပြီး  စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၃၈၂) ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)