လွိုင်လင် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ၌ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန္တာအောင်နှင့် သူနာပြုများက လွိုင်လင်မြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၉)နှစ်အထိ ကလေးများအား ဗီတာမင်အေနှင့် သံချဆေးပုံမှန်တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီတာမင် အေနှင့် သံချဆေးပုံမှန်တိုက်ကျွေးခြင်းကို အသက်(၆)လမှ (၉)နှစ်အထိ ကလေး(၄၄၀)ဦး တိုက်ကျွေးခဲ့ကြောင်း ဒေါ်သန္တာအောင်ထံမှ သိရသည်။
မိုးလွင်ဦး(လွိုင်လင်)