သိန္နီ ဇူလိုင် ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင် အတွက် အမြို့မြို့အနယ်နယ်မှလာသော ကုန်တင်ယာဉ်များနှင့်ခရီးသည်တင်ယာဉ်များကို မြို့တွင်းရပ်နားခွင့်မပြု ကြောင်းဆိုင်းဘုတ်အား ယနေ့နံနက်(၉)နာရီအချိန်က မြို့ထဲပြည်ထောင်စု လမ်းမကြီးပေါ်တွင် စိုက်ထူးခဲ့ကြောင်းသိရသည်။
သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ(၁၀)ဦးရှိပြီး၊ ဆေးရုံဆင်းခွင့်ရသူ(၄)ဦး၊ သေဆုံးသူ(၁)ဦး ရှိသည့်အတွက် နောက်ထပ် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန် ယခုအခါ အမြို့မြို့အနယ်နယ်မှလာသော ကုန်တင်ယာဉ်များနှင့်ခရီးသည်တင်ယာဉ်များ မြို့တွင်းရပ်နားခွင့်မပြုကြောင်း ဆိုင်းဘုတ်ကို စိုက်ထူးရခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရှိရသည်။
အိဇာချို