မိုင်းလုံ ဇူလိုင် ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုမိုင်းလုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မိုင်းလုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းက အမှာစကား ပြောကြားရာ မိုင်းလုံမြို့ စည်ပင်သာယာဈေး (၅)ရက်(၁)ဈေးကိုပိတ်မည်ဖြစ်ကြောင်း၊ မိုးကုတ်ဈေးသည်များကိုလည်း မြို့တွင်းသို့ ဈေးလာရောက် ရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း၊ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်ကို အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် ပြည်ပမှပြန်လာသူများ၊ (Stay at Home) သတ်မှတ်ထားသော နယ်မြေများမှပြန်လာသူများနှင့် ရပ်ကွက်အတွင်း အနံ့ပျောက်၊လည်ချောင်းနှာ၊ ဝမ်းလျှော၊ အသက်ရှုကြပ် သူများရှိပါက မိမိတို့၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံကြိုတင်အကြောင်းကြားရန်၊ ဈေးဆိုင်များကို ပါဆယ်စနစ်ဖြင့်သာရောင်းချရန် လက်သန့်ဆေးရေထားရှိရန် (Mask)တပ်ရန်၊မိုးကုတ်-လားရှိုး-မူဆယ်ခရီးသွားယာဉ်များရပ်နားခွင့်မပြုရန် ပြောကြားပြီး တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၁ ဦးမြစိုးက Quarantine ထားရှိသောသူများကို နှာခေါင်းနှင့်အာခေါင်တို့ဖတ် များကိုရယူပြီးပါက ကျောက်မဲသို့ ပို့ဆောင်ရာတွင် မြို့နေပြည်သူများမှကူညီပေးရန်၊ အသိပညာပေး လုပ်ငန်းများကို မြို့တွင်းလှည့်၍ နှိုးဆော်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းဝေးသို့ ဌာနဆိုင်ရာများရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့် မိုင်းလုံလူငယ် ပရဟိတအသင်းတို့ တက်ရောက် ခဲ့ကြောင်းသိရသည်။
မိုင်းလုံ