ပူတာအို ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပူတာအိုမြို့နယ် ဂျူဗလီ-ဇီးအွန်သွား လမ်းမဘေး ဝဲ ယာ စိမ်းလန်းစိုပြေလာစေရေးအတွက် ၂၀၂၁-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၉) နာရီက အဆိုပါ ဂျူဗလီ-ဇီးအွန်သွားကွန်ကရစ်လမ်းဘေးဝဲ ယာတွင် စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး၀င်းသန့်အောင် နှင့်၀န်ထမ်းများက ဂျူဗလီ-ဇီးအွန်သွားကွန်ကရစ်လမ်းအရှည်သုံးမိုင် လမ်းဘေးဝဲယာတွင် ရေပိတုန်းသစ်မျိုး အပင် ပေါင်း(၈၅၀)ပင်ကိုစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအား သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သဘာ၀ပတ်၀န်းကျင်တိုး တက်ကောင်းမွန် လာစေရေးတို့ကိုအထောက်အကူပြုရန်၊ သစ်တောပြုန်းတီးမှုကြောင့်ကြုံတွေ့ရသည့် သဘာ၀ ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်၊ ရာသီဥတုညီညွတ်မျှတစေရန်နှင့် ပြည်သူများအကြား ပတ်၀န်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အသိအမြင်ဗဟုသုတများ စိမ့်၀င်ပျံ့နှံ့စေပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည် သူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်လိုစိတ်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍စိုက်ပျိုးရခြင်းဖြစ် ကြောင်း ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး၀င်းသန့်အောင်ထံမှသိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)