ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၏၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျင်းပ ပြုလုပ်

လောက်ကိုင်     ဇူလိုင်     ၁၀

ရှမ်းပြည်နယ်၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ၊ လောက်ကိုင်မြို့၏ ၂၀၂၁  ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်း အတွင်း ယနေ့နံနက်(၀၈၀၀) နာရီအချိန်တွင် ကျင်းပပါသည်။

 

အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမြင့်ဆွေမှ  လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့  ဥက္ကဋ္ဌ  ဦးသိန်းဇော်ဦး  ထံသို့ပေးအပ် ခြင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊  အဖွဲ့ဝင်  ဦးခင်မောင်လွင် မှ မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင်ဆန်းဝင်း ထံသို့ပေးအပ်ခြင်း၊   ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်   ရဒေသစီမံအုပ်ချုပ် ရေးအဖွဲ့၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး သော်နောင် မှ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဌာနမှ   မြို့ဦးစီးမှူး ဦးအောင်ဝင်း ထံသို့ ပေးအပ်ခြင်း၊  ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊  အဖွဲ့ဝင် ခရိုင် လဝကမှူး ဦးမျိုးဇော်သန်း ထံသို့ ပေးအပ်ခြင်း၊ ကုန်းကြမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးမောင်မောင်မှမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှဦးစီးမှူးထံသို့ပေးအပ်ခြင်း၊ လောက်ကိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒေါ်ချောချောအေးမှ မြို့နယ် ကော်မရှင် အဖွဲ့ခွဲမှ ဦးစီးအရာရှိ  ဒေါ်သန်းသန်းစို့သို့ပေးအပ်ခြင်း လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့  ဥက္ကဋ္ဌ  ဦးသိန်းဇော်ဦး မှ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စိုးနိုင် ထံသို့ပေးအပ်ကြပြီး  သပြေပင်၊   ရေသင်းဝင်ပင် ၊   မယ်ဇလီပင်၊   သစ်စိမ့်ပင်၊ ကျွန်းပင်၊   စိန်ပန်း နီ၊   စိန်ပန်း ပြာပင်၊  သစ်လှပင်   စသည့်  ပျိုးပင်ပေါင်း ( ၄၅၀ ) ပင်တို့ကို  တပျော်တပါး စိုက်ပျိုးကြ ကြောင်း သိရှိရသည်။

 

နန်းမြမြဝင်း