မိုင်းယောင်း ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပထမအကြိမ် ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ ၁၈၀ ဦးကို ကာကွယ် ဆေးတစ်လုံးလျှင် တစ်ဦးနှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အားချာ