ဘားအံ ဇူလိုင် ၁၀
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၏ (၁၈)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယမန့် နေ့က ဘားအံတက္ကသိုလ်ရှိ Assembly Hall ၌ ကျင်းပသည်။
ရှေးဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အဖွင့်အမှာစကားပြောကြားပြီး သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက် လာသော ဆရာကြီး၊ ဆရာမကြီးများနှင့် သုတေသန စာတမ်းရှင်များ စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြသည်။
ဆက်လက်၍ စာတမ်းရှင်များက စာတမ်းများဖတ်ကြားကြရာတွင် ဝိဇ္ဇာဘာသာရပ်အတွက် စာတမ်း(၁၂) စောင်၊ သိပ္ပံဘာသာရပ် အတွက်စာတမ်း (၁၇) စောင်ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဘားအံတက္က သိုလ် အတွင်းရှိ Assembly Hall တွင် သိပ္ပံဘာသာရပ် စာတမ်းများကိုလည်ကောင်း ၊ အစည်းအဝေးခန်းမ (၁)တွင် ဝိဇ္ဇာ ဘာသာရပ် စာတမ်းကိုလည်းကောင်း ဖတ်ကြားခဲ့သည်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ ဘာသာရပ် ဆိုင်ရာ ပါမောက္ခဌာနမှူးများ ၊ ဆရာ/ဆရာမများနှင့် ဘာသာရပ် အသီးသီးမှ သုတေသန စာတမ်းရှင်များ တက်ရောက်ခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရရှိသည်။