လောက်ကိုင် ဇူလိုင် ၁၀
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ဇူလိုင် ၉ ရက်နေ့ ညနေ(၁၇:၀၀) နာရီအထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ Covid-19 Positive အတည်ပြုလူနာ ယခင် ၁၂၅၅ ဦး ယနေ့ ၁၃၄ ဦး စုစုပေါင်း ၁၃၈၉ ဦး ဆေးရုံတက်ကုသကာ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ ယခင် ၂၀၃ ဦး ယနေ့ ၂၆ ဦး စုစုပေါင်း ၂၂၉ ဦး ၊ ယနေ့အထိ သေဆုံးသူ (၁)ဦး ၊ လက်ရှိအတည်ပြု လူနာပေါင်း ၁၁၅၉ ဦး ၊ လက်ရှိထိတွေ့ဆက်စပ်သူ စုစုပေါင်း ၄၉၄ ဦးဖြစ်ပါသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားမှုနှုန်း ကူးစက်မှုနှုန်း အလွန်မြင့်မား၍ နေ့စဉ်မြင့်တက်လျက်ရှိသဖြင့် လောက်ကိုင်ဒေသအတွင်း ရပ်ကွက်တစ်ခုနှင့်တစ်ခု အသွားအလာကန့်သတ်ခြင်း၊ ရောဂါပိုးစစ်ဆေး လမ်းသွားလမ်းလာများ မဖြစ်မနေအပြင်ထွက်ပါက Mask တပ်ဆင်သွားလာကြရန်၊ တစ်နေ့ ( ၂ ) ကြိမ် လှည့်ကင်းပတ်၍ အော်လံဖြင့် အသိပေး ကြော်ငြာခြင်း၊ လှည့်လည်စစ်ဆေးခြင်းများ ကြပ်မတ်ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
နန်းမြမြဝင်း