ဟိုပန်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဟိုပန် ဇူလိုင် ၁၀
 
ဟိုပန်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ပြားပေး အပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
 
အခမ်းအနားတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခလရ(၁၄၅)တပ်မှ ကိုယ်စားလှယ် တစ်ဦးအား အိမ်ထောင်စု(၂၀) စုနှင့် နိုင်ငံသားမှတ်ပုံတင် ကတ်ပြား(၄၃)ကတ် ကို ပေးအပ်ခဲ့သည်။ ထို့နောက် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဟိုပန်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးညွန့်က မိန်းပန်းလွယ်ရပ်ကွက်အတွက် မှတ်ပုံတင်ကတ်(၅၀)နှင့် ပန်လုံမြို့အတွက် မှတ်ပုံတင်ကတ် (၄၄)ကတ်တို့ကို ပေးအပ်ရာ သက်ဆိုင်ရာကိုယ်စားလှယ် များက လက်ခံရယူခဲ့ကြသည်။
 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသား တိုင်းရင်းသား များနှင့် ဥပဒေအရ နိုင်ငံသားများကို ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် အလုပ်သမားလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပန်းခင်းစီမံချက်အား မေလ ၃ ရက်နေ့မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ကာလအားဖြင့် (၁၈)လကြာသတ်မှတ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။