ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ မိုင်းယောင်းမြို့နယ်ရှိ ကျေးရွာများ တွင် ရေရရှိရေးလုပ်ငန်းမျာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများထောက်ပံ့ပေးအပ်

မိုင်းယောင်း ဇူလိုင် ၁၀
 
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်း မြို့နယ်ရှိ ကျေးရွာများတွင် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအရစ်အဖြစ် ရန်ပုံငွေ ကျပ်သိန်း ၅၀ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ပုံငွေပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်နိုင်လင်းက ယမ်းမ ကျေးရွာနှင့် ဝမ်ရှဲန်းကျေးရွာ စိမ့်စမ်းရေး သွယ်ယူခြင်းအတွက် တစ်ရွာလျှင် ငွေကျပ် ၉၅၀၀၀၀ စီ၊ ပါလောင်းကျေးရွာ ရေလှောင်ကန်နှင့် ရေပိုက်သွယ်တန်းခြင်းအတွက် ငွေကျပ် ၁၀ သိန်း၊ ဝမ်လဲကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းအတွက် ငွေကျပ် ၁၂ သိန်း၊ ပါပျက်ကျေးရွာ ရေလှောင်ကန်နှင့် ရေပိုက်သွယ်တန်းခြင်းအတွက် ငွေကျပ် ကိုးသိန်းကို ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန် ပုံငွေများကို သက်ဆိုင်ရာ ကျေးရွာစီမံအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း