လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်

လှိုင်းဘွဲ    ဇူလိုင်  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံလူမယ်ကယ်ဆယ်ရေးအဖွဲ့မှ ဒေသ နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေ ရန်၊ ပြည်သူများ နိုးနိုးကြားကြား ရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာပေး လိုက်လံနိုးဆော် ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လှိုင်းဘွဲမြို့နယ်)မှ အသံချဲ့စက် အသိပညာယာဉ်ဖြင့် မြို့ပေါ်အတွင်းလိုက်လည်၍ လှိုင်းဘွဲမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ များပြားလာလျက်ရှိရာ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်သွားရန်၊ အပြင်သွားရာတွင် နှာခေါင်းစည် မဖြစ်မနေတပ်ဆင်ကြရန်၊ ခရီသွား ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက် ပေးကြရန်၊ ပြည်ပမှ ဝင်ရောက်လာသူများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်း ကြားပေးရန်၊ သံသယ လူနာများရှိပါက အမြန်ဆုံးအကြောင်းကြားပေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူများ ပူးပေါင်း ဆောင်ရွက်ကြရန် စသည့်ကိုဗစ်-၁၉နှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန်နှင့် နိုးနိုး ကြားကြား ရှိစေရန်အတွက် မနက်/ည လိုက်လံ၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)