မလှိုင် ၊ ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ် ဝါအထူးဇုံနှင့် ဝါမျိုး စေ့ထုတ်( ၃ဝ၄ )ဧက အတွက် ဝါမျိုး သန့်မျိုးစေ့နှင့် လူနယ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မလှိုင်မြို့နယ် သပြေပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အတွင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဝါမျိုးသန့် မျိုးစေ့နှင့်လူနယ်ဆေးများ ထောက် ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများအနေဖြင့် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လည်း အလေးထား လိုက် နာကြရန်တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုက မျိုးစေ့ထုတ်ဧကနှင့် အထူး ဇုံ စိုက်ဧကများ စိုက်ပျိုးရခြင်းနှင့် ဝါစိုက်ပျိုးနည်းစနစ်များ၊ အထွက်နှုန်း တိုးတက်ရေးဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ဝါမျိုးသန့်မျိုးစေ့ နှင့် လူနယ်ဆေးများကို ဝါစိုက်တောင်သူများထံပေး အပ်ခဲ့သည် ။
မလှိုင်မြို့နယ်တွင်၂ဝ၂ဝ-၂ဝ၂၁ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် (Quick Win) မျိုးစေ့ ထုတ်ဧက(၁၅ဝ)၊တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဝါအထူးဇုံဧက(၁၅၄) ဧက၊ စုစုပေါင်း(၃ဝ၄) ဧက စိုက်ပျိုးသွားမည် ဖြစ်ပြီး တစ်ဧကလျှင်(၃)ပိသာပါ ရွှေတောင်(၁ဝ) ဝါမျိုးသန့် မျိုးစေ့ တစ်အိပ်နှင့် (20 WP) လူးနယ်ဆေး တစ်ထုပ်နှုန်းပေးအပ်ခဲ့သည်။ အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် စိုက်ပျိုးမည့် သပြေပင်ကျေးရွာ မှ တောင်သူ(၄၇)ဦး ၊ ဆည်ကြီးကျေးရွာမှ(၁၅)ဦး၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်စိုက်ပျိုးမည့် ဆည်ကြီးကျေးရွာ မှ တောင်သူ(၃၂) ဦးစုစုပေါင်း(၉၄)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)