ကမမောင်းမြို့သံလွင်ဦးစျေးနှင့် နံနက်ခင်းစျေး၌ ကိုဗစ် -၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဆေးဝါးနှင့်အခြေခံစားသောက်ကုန်များကို သာရောင်းချခွင့်ပြုလျက်ရှိ

ကမမောင်း  ဇူလိုင်  ၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ သံလွင်ဦးမြို့မစျေးနှင့် နံနက်ခင်းစျေး အတွင်း စျေးရောင်း၊ စျေးဝယ်သူများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင် ရန်နှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှဆေးဝါး ပစ္စည်းနှင့်အခြေခံစားသောက်ကုန်ပစ္စည်းရောင်းချသောဆိုင်များကိုသာဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး အလှကုန်ပစ္စည်း၊လူသုံးကုန်ပစ္စည်းများရောင်းချသော ဆိုင်ခန်းများကို ယာယီပိတ်ထားရန်စျေးကော်မတီအားညွှန်ကြားထားကြောင်း သိရသည်။

ကမမောင်းမြို့ပေါ်နှင့် ကျေးရွာများရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် မလိုအပ်ပဲအိမ်အပြင်သို့ထွက်ခွာမှု မရှိ တော့ကြောင်း၊ စျေးဝယ်သူများလည်းနည်းပါးသွားကြောင်း၊ နံနက်ခင်းယာယီပျံကျ စျေးရှိဟင်းသီး၊ ဟင်းရွက်နှင့်အသား၊ ငါးရောင်းချသော စျေးဆိုင်များကိုလည်း တစ်ရက်ဖွင့်၊ တစ်ရက်နားအလှည့်ကျဆိုင်ဖွင့်သည့် စနစ်ဖြင့်သာ စျေးရောင်းချခွင့်ပြု ထားကြောင်း စျေးကော်မတီဝင်တစ်ဦးထံမှ သိရသည်။

လင်းသန့် (ပြန်/ဆက်)