ချင်းရွှေဟော် ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုး ထိတွေ့ခဲ့သည့် ပြည်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ယနေ့နံနက်ပိုင်း က အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား(၇)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၀)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိလူနာအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက အမှတ်(၂) ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ Quarantine စင်တာသို့ ပြောင်းရွှေ့ပို့ဆောင်ထားပြီး ၎င်းနှင့်ထိတွေ့ခဲ့ကြသူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ အသွားအလာကန့်သတ် စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိပြီး ၎င်းတို့နေထိုင်သည့် နေရာများအား အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့တွင် ဇွန်လ(၂၃)ရက်မှ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ (၂၆)ဦးထိ ရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)