သုံးခွမြို့နယ် မိုးကုတ်ဝိပဿနာရိပ်သာတွင် ကိုဗစ်-၁၉ positive center ဖွင့်လှစ်ထားရှိရန် ပြင်ဆင် ဆောင်ရွက်

သုံးခွ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ် ၂ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ မိုးကုတ်ဝိပဿနာရိပ်သာတွင် ကိုဗစ်-၁၉ positive center ထားရှိရန် ပြင်ဆင်ဆောင်ရွက်မှုများကို ယမန်နေ့ ၁၁နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 မိုးကုတ်ဝိပဿနာရိပ်သာတွင် positiveလူနာထားရှိရန်အတွက် (၃) ထပ်ဆောင် (၁၀)ယောက်ခန်း(၆)ခန်းတွင်( လူ-၆၀ဦး၀င်ဆံ့)၁ဆောင်၊(၂)ထပ်ဆောင်(၁၀)ယောက်ခန်း(၄)ခန်း(လူ-၄၀ဦး၀င်ဆံ့)(၃)ဆောင်၊ စုစုပေါင်းအဆောင် (၄)ဆောင်ရှိ (လူ-၁၈၀ဦး၀င်ဆံ့) တို့တွင်ပိုးတွေ့လူနာများထားရှိရန်အတွက် CCTVများတပ်ဆင်ခြင်း၊ ပန်ကာများတပ်ဆင်ခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးသုံးပစ္စည်းများထားရှိခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့၀င်များ၊မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေး ထောက်အကူပြုအဖွဲ့၀င်များနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့မှ  ပြင်စဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပိုးတွေ့လူနာများထားရှိမည့် အဆောင်  (၄) ဆောင်အား အတွင်း/အပြင် သန့်ရှင်းရေးများပြု လုပ်ခြင်း ၊ ပိုးသတ်ဆေးများဖြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။